Friday, 1 April 2011

OSPF - Part 2

Router ID (RID)
OSPF network မှာရှိသော router တစ်လုံးချင်းဆီတွင် unique router ID ရှိကြသည်။ ပုံမှန်အားဖြင့် loopback address ကို RID အဖြစ်သတ်မှတ်ပြီး loopback မရှိက active ဖြစ်နေသော အကြီးဆုံး address ပိုင်ဆိုင်ထားသည့် interface ကို RID ဟုသတ်မှတ်ပါသည်။ RID ကို manually လည်းသတ်မှတ် နိုင်ပါသည်။ router-id command > loopback > interface address ဟုမှတ်ထားနိုင်သည်။

DR and BDR routers
DR ခေါ် Designated Router သည် OSPF group ၁ခုအတွင်း priority (သို့) RID အမြင့်ဆုံးဖြစ်သည်။ Broadcast traffic (route information, updates) များကို DR မှသာ လွှတ်သည်။ DR ရွေးချယ်ရာတွင် ပထမအဆင့်အနေဖြင့် priority ချင်းယှဉ်ပြီး ပိုမြင့်သော router က DR ဖြစ်လာသည်။ အကယ်၍ priority တူနေပါက RID အမြင့်ဆုံးကို ရွေးချယ်သည်။ priority > RID ဟုမှတ်ထားနိုင်သည်။

OSPF Router Types
• Backbone Router (BR): 1, 2, 3
• Area Border Router (ABR): 3
• Autonomous System Boundary Router (ASBR): 6

LSA Packet Types (နဲနဲလေးတော့ရှုပ်မယ်)
Type1 (Router LSA): OSPF run ထားတဲ့ router တိုင်း generate လုပ်ပြီး Area 1ခု အတွင်းမှာပဲသွားသည်။
Type2 (Network LSA): DR ကပဲ generate လုပ်ပြီး Area 1ခု အတွင်းတွင်သာသွားသည်။
Type3 (Internal Summary LSA): ABR မှ generate လုပ်ပြီး ကပ်ရပ် OSPF area ၏ information (summary route) ကို Backbone router များဆီ သို့ပို့သည်။
Type4 (External Summary LSA): ABR မှ generate လုပ်ပြီး ASBR ဆီသို့ ရောက်နိုင်မည့် route ကိုဖော်ပြသည်။ Backbone router များဆီ သို့ပို့သည်။
Type5 (AS LSA): ASBR ကသာ ၄င်း LSA ကို generate လုပ်ပြီး AS မတူတဲ့ external network information (eg. EIGRP) ကို internal router တွေဆီ သို့ပို့သည်။ LSA Type5 ကို External Type1 (OE1) နှင့် Type2 (OE2) ဟူ၍ 2မျိုးထပ်ခွဲသည်။
Type6 (Multicast LSA): a Cisco router will ignore this type and generate syslog entry if it receives one.
Type7 (NSSA LSA): NSSA area မှ ASBR က generate လုပ်ပြီး external network information ကို ABR ဆီသို့ပို့သည်။ ABR က Type5 LSA ဖြင့်အခြား area ဆီသို့ redistribute ပြန်လုပ်ပေးသည်။ Type5 ကဲ့သို့ External Type1 (ON1) နှင့် Type2 (ON2) ဟူ၍ 2မျိုးထပ်ခွဲသည်။
ဂလောက်သိရင် OK ပြီ…..


OSPF Area Types
Backbone Area: Area0
Stubby Area: Default route နှင့် summary route ကိုသာ လက်ခံပြီး external routes တွေကို လက်မခံပါ။ Allow Type2, 3, 4 LSAs and Block Type5 LSA. Area0 ကို stub area လုပ်ခြင်း သည်းခံပါ…
Totally Stubby Area: Default route သာ လက်ခံသည်။ Allow Type2 and Block Type3, 4, 5 LSAs…
Not-So-Stubby (NSSA) Area: ပုံမှန် stubby area နှင့်တူပြီး ၄င်း areaတွင် ASBR (အခြား AS မှ external route များလက်ခံရန်) ရှိသောကြောင့် Type7 LSA ကိုပါလက်ခံသည်။
Totally NSSA Area: ပုံမှန် NSSA area နှင့်တူပြီး ၄င်း areaတွင် ASBR ရှိသောကြောင့် Type7 LSA ကိုပါလက်ခံသည်။

Stub Type
Allow LSA Types
Block LSA Types
Default route
Stubby
1, 2, 3, 4
5
Yes
Totally Stubby
1, 2
3, 4, 5
Yes
NSSA
1, 2, 3, 4, 7
5
Yes
Totally NSSA
1, 2, 7
3, 4, 5
Yes
Note***: Totally Stubby နှင့် Totally NSSA တို့သည် Cisco Proprietary များဖြစ်ကြသည်။
1/4/2011

No comments:

Post a Comment