Internal-BGP (iBGP) and External-BGP (eBGP)
iBGP: iBGP ကို autonomous 1ခုအတွင်းမှာအသုံးပြု ပါတယ်။ ၄င်းကို External BGP router မှ route information တွေကို internal network အတွင်းသို့ inject လုပ်ချင်တာကြောင့် အသုံးပြုရ ခြင်းဖြစ်ပါတယ်။ iBGP ကိုအဓိကအားဖြင့် internal network အတွင်းမှ internet ဘက်သို့ထွက်ရန် တစ်ခုထက်ပိုသော route များရှိပါကအသုံးပြုပါတယ်။ iBGP ကို internal network မှာ fast converge လုပ်နိုင်ရန် IGP protocol တစ်ခုခု or Static route နှင့်တွဲသုံးရပါတယ်။
eBGP: BGP route information ကို အခြား autonomous systems သို့ distribute လုပ်ရန်အတွက် eBGP ကိုသုံးပါတယ် (eg. Routing between internal network and ISPs)။ eBGP ကို ISP သို့ static route နှင့် လွယ်လွယ်ကူကူရောက်ရှိနိုင်ခြင်း (or) small-sized internal network ဖြစ်နေပါက သုံးရန်မသင့်တော်ပါ။
Some important parameters for BGP path selection
•Weight: outbound measurement / internally ဖြစ်ပါတယ်။ ဆိုလိုတာက router တစ်ခုတွင် destination တစ်နေရာအတွက် ၄င်းကိုယ်ပိုင် exit (to next hop) ကို administrator သတ်မှတ်ခြင်းဖြစ်ပါတယ်။ Router က၄င်းကိုသတ်မှတ်ပေးထားတဲ့ weight value ကို အခြား router ဆီသို့ sharing (influencing) မလုပ်ပဲ ကိုယ်တိုင်အတွက် ၄င်းပေါ်တွင်သာ configure လုပ်တာဖြစ်လို့ ကျနော်က internally လို့ ထပ်ဖြည့်ပြီး မှတ်ထားပါတယ်။ လွယ်လွယ်မှတ်ချင်ရင် ”ကိုယ့်ထွက်ပေါက် ကိုယ့်ဘာသာသတ်မှတ်” တယ်လို့သာမှတ်ထားလိုက်။ Router က weight တန်ဖိုးမြင့်တဲ့ route ကို best route လို့သတ်မှတ်ပါတယ်။
•Local Preference: outbound measurement / externally ဖြစ်ပါတယ်။ Local network ရဲ့ edge router မှာသာအသုံးများပြီး internal network က host တွေ internet ကိုထွက်ပို့ ကိုယ်က သင့်တော်တယ် မသင့်တော်တယ်လို့ advertising (influencing so “externally”) လုပ်ရန်ဒီ parameter ကိုသုံးပါတယ်။ ဥပမာ… edge router A နှင့် edge router B ကို internal router C က connect လုပ်ထားတယ်ဆိုပါစို့… administrator က router A ရဲ့ local preference ကို 200 လို့ပြင်ထားပြီး router B မှာ default (100) အတိုင်းထားပါက router C ရဲ့ routing table တွင် internet ကိုသွားဖို့ best route ကို router A လို့ဖော်ပြနေတာကိုတွေ့နိုင်ပါတယ်။ မှတ်ချက်… eBGP မှာ effective မဖြစ်ပါ။
•Multiple-exit discriminator (MED): ISP ကနေ ကိုယ့် local network ကိုဝင်ရန် ပိုကောင်းသော interface ကို edge router တွင် သတ်မှတ်ပေး (eg. with route-map) ပြီး ISP ကို advertise လုပ်ခြင်းဖြစ်ပါတယ်။ Dual-homed ပုံစံနှင့်မြင်ကြည့်ပါ။ အခြား parameter တွေနဲ့မတူတာက MED မှာ တန်ဖိုးနည်းတဲ့ route က best route ဖြစ်ပါတယ်။ အမှန်က ကိုယ့် local network ကို ၀င်တာဖြစ်လို့ (organization ဘက်ကကြည့်ရင်) Multiple-entrance discriminator လို့မှတ်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ Protocol designer တွေက ISP ဘက်ကအမြင်နှင့်ကြည့်တာကြောင့် multiple-exit လို့သုံးတာဖြစ်ပါတယ်။ Configuration နှင့်ကြည့်ရင်ပိုမြင်နိုင်ပါတယ်…
•AS-path: Autonomous system တစ်ခုမှ နောက် AS သို့ route လုပ်ရာမှာဖြတ်သန်းခဲ့တဲ့ AS အရေအတွက်ခြင်း နှိုင်းယှဉ်ပြီး AS-path တိုတာကို best route အဖြစ်ထားခြင်း ဖြစ်ပါတယ်။ AS-path မှာ routing loop ကို detect လုပ်နိုင်တဲ့ အားသာချက်ရှိပါတယ်။
13/6/2011
No comments:
Post a Comment